ဘယ်လောက်ပဲ မကြာခဏ သွားတိုက်ပါစေ။ သွားတိုက်နည်း အမှားတွေနဲ့ဆို ထိရောက်မှာ

ဘယ်လောက်ပဲ မကြာခဏ သွားတိုက်ပါစေ။ သွားတိုက်နည်း အမှားတွေနဲ့ဆို ထိရောက်မှာ

ဘယ်လောက်ပဲ မကြာခဏ သွားတိုက်ပါစေ။ သွားတိုက်နည်း အမှားတွေနဲ့ဆို ထိရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်က သတိမထားမိဘဲ ဘယ်လို အမှားလေးတွေ လုပ်မိနေလဲဆိုတာကို ရှာဖွေပေးလိုက်ပါတယ်

၁။ သွားပွတ်တံ

သွားပွတ်တံ ဝယ်တဲ့အခါ တော်တော်များများက သွားပွတ်တံ အမွှေးမာတာလေးတွေဟာ သန့်ရှင်းရေးလုပ်တဲ့အခါ ပိုထိရောက်တယ်ဆိုပြီး ရွေးဝယ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ့် သွားဆရာဝန်တွေ ထောက်ခံထားတာကတော့ အမွှေးနုလေးတွေပါတဲ့ သွားတိုက်တံတွေက ပိုကောင်းပါတယ်။

၂။ အားသုံးတာ

သွားတိုက်တဲ့အခါ အားနဲ့တိုက်ရင် ပိုပြီးတော့ သန့်ရှင်းသွားတယ်။ ပိုပြောင်တယ်လို့ ထင်ကြတာက တကယ်တော့ အရမ်းမှားပါတယ်။ ကိုယ့်ရဲ့ သွားဖုံးတွေက နုနုလေးတွေပါ။ အဲလို အားနဲ့အရမ်းဖိတိုက်တဲ့အခါ သွားဖုံးသွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ အရမ်း အားထည့်ပြီး တိုက်စရာမလိုပါဘူး။

၃။ သွားပွတ်တံမလဲတာ

ကိုယ်နဲ့သင့်တော်တဲ့ သွားပွတ်တံကို ရှာတွေ့ပါပြီတဲ့။ ကောင်းလွန်းလို့ သွားပွတ်တံမလဲတော့ဘူး။ ဒါနဲ့ပဲတိုက်မယ် ဆိုတာတော့ မဟုတ်သေးပါဘူး။ သွားပွတ်တံကို ၃လတစ်ကြိမ်လဲပေးတာက အကောင်းဆုံးပါ။

၎။ဘေးတိုက်သွားတိုက်တာ

တော်တော်များများက သွားတိုက်တဲ့အခါ ဘေးတိုက် တိုက်ကြပါတယ်။ အဲတာကလည်းမှားယွင်းတဲ့ အကျင့်ပါပဲ။ တကယ်က အပေါ်အောက် စက်ဝိုင်းပုံအတိုင်း တိုက်ရမှာပါ။ ဒါကတော့ ငယ်လေးတည်းက ကျောင်းတွေမှာ သွားဆရာဝန်တွေ လာတိုင်း ပြောခဲ့ကြမှာပေမယ့် ကိုယ်တွေကလည်း ကိုယ်တွေပဲမို့ ပြောင်းကို မပြောင်းလဲ ခဲ့ကြတာမဟုတ်လား။ သတိရရင်တော့ ပြောင်းပြီး မေ့တဲ့အခါလည်း ဒီလိုပဲ အကျင့်ပါနေတဲ့အတိုင်း တိုက်ချလိုက်တာမျိုးတွေလေ…

၇။အကြိမ်များစွာ သွားတိုက်တာ

တကယ်တော့ သွားကိုမကြာခဏတိုက်တာကလည်း မှားတဲ့အကျင့်ပါ။ တစ်နေ့ကို နှစ်ကြိမ်ပဲ အများဆုံး တိုက်သင့်တာပါ။ မကြာခဏတိုက်ရင် သွားရဲ့ကြွေလွှာတွေ ပျက်စီးတတ်ပါတယ်။

လှပစီရီနေတဲ့ သွားလေးတွေကို ပိုင်ဆိုင်ပြီး အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Pearlie White Brush Care Slim( မျှင်တံပျော့) သွားပွတ်တံကို ရွေးချယ် အသုံးပြုနိုင်ပါတယ်.

ဝယ်ယူရရှိနိုင်သောဆိုင်များ

City Mart,Market Place, City Care, Capital, Sein Gay Har, Shwe Owe Pharmacy, Nector, Select, Beauty Diary ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများ။ www.shop.com.mm/pearlie-white တွင် Online မှ ဝယ်ယူနိုင်ပါသည်။ Company မှတိုက်ရိုက်ဝယ်လိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ် ထားခဲ့ပါ (သို့) ‎ 09421677718  ကို ရုံးချိန်အတွင်းခေါ်ပါ။

Share this post