သင်နဲ့လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ်နိုင်စေဖို့
နေကာမျက်မှန်တွေဟာ သင့်ကို စမတ်ကျ ကြည့်ကောင်းစေရုံသာမက ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိနာခြင်း၊မျက်စိကိုက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။သို့သော် မိမိမျက်နှာနှင့် လိုက်ဖက်သော မျက်မှန်ကောင်းကောင်းတစ်လက်ကိုလည်း သေချာရွေးချယ်တတ်ဖို့လိုပါတယ်။
1။ မျက်နှာဝိုင်းပြီးမေးစေ့ချွန်သောမျက်နှာ
ထိုကဲ့သို့မျက်နှာပိုင်ရှင်များက အနက်ရောင်ဘောင်အထူနှင့် မျက်မှန်ကိုရွေးချယ်သင့်ပါတယ်။မျက်မှန်အ၀ိုင်း၊ဘောင်သေးသောမျက်မှန်၊မျက်ခုံးမွှေးကို ကာနေသောမျက်မှန်များသည် လုံးဝလိုက်ဖက်ခြင်းမရှိပါ။
2။ ဘဲဥပုံမျက်နှာ
မျက်ခုံးမွှေးအတိ ဘောင်အကျယ်ရှိသောမျက်မှန်အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။ဘောင်အနား ချွန်သောမျက်မှန်အမျိုးအစားတွေက သင်နဲ့လုံးဝမလိုက်ဖက်ပါဘူး။
3။လေးထောင့်ဆန်သောမျက်နှာ
ပေါ့ပေါ့ပါးပါးနှင့် မျက်နှာ Frame နှင့်အတိ မျက်မှန် အမျိုးအစားတွေက သင့်ရဲ့ လေးထောင့်ဆန်တဲ့ မျက်နှာကို သေးသွယ်သယောင် ထင်ရစေမှာပါ။
4။ဦးခေါင်းအနည်းငယ်ကြီးပြီး မေးစေ့ချွန်သောမျက်နှာ
ထိုမျက်နှာပိုင်ရှင်များနဲ့ အလိုက်ဖက်ဆုံး မျက်မှန်ကတော့ ဘောင်မပါတဲ့ နေကာမျက်မှန်အ၀ိုင်းလေးတွေပါပဲ။ လေးထောင့်မကျ အ၀ိုင်းမကျ မျက်မှန်တွေကတော့ သင့်ကို ဦးခေါင်းပိုကြီးပြီး မေးစေ့ ပိုသွယ်သလို ဖြစ်စေမှာပါ။
5။လေးထောင့်ကျပြီးမေးစေ့တိုသောမျက်နှာ
မျက်မှန်လေးထောင့်တွေကသင့်ရဲ့မျက်နှာပုံစံကို ပိုကြည့်ရဆိုးစေမှာပါ။ မျက်မှန်အပေါ်ပိုင်းလေးထောင့်ဆန်ပြီးအောက်ပိုင်း ၀ိုင်းတဲ့ ကြောင်မျက်လုံးပုံစံ မျက်မှန်အမျိုးအစားက သင့်ကိုပိုပြီးယုံကြည်မှုရှိရှိနဲ့ လှပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်စေမှာပါ။
မျက်နှာလေးလည်းကြည့်ကောင်း သွားလေးတွေလည်း ပုလဲလုံးလေးတွေလို ဖြူဖွေးဝင်းပနေစေဖို့ Pearlie White ပစ္စည်းများကို ဆောင်ထားဖို့လိုတယ်
စင်ကာပူအရည်အသွေးဖြစ်ပြီး ခံတွင်းအသုံးအဆောင်ပစ္စည်း အမျိုးပေါင်း (၅၀) ကျော်ကို ရရှိနိုင်ပါသည်။ သွားနှင့်ခံတွင်းကို အကောင်းဆုံးစောင့်ရှောက်လိုသူများ ပါးလီးဝှိုက် (Pearlie White) ကို ဆောင်ထားဖို့လိုတယ်။
Pearlie White သွားတိုက်ဆေးနှင့် ခံတွင်းအသုံးအဆောင်ပစ္စည်းများတွင် ကင်ဆာဖြစ်စေသော Triclosan ၊ အမြှုပ်ထစေသော SLS စသည့် ခံတွင်းကိုဆိုးကျိုးပေးသော ဓာတုပစ္စည်း(၇)မျိုး လုံးဝ မပါဝင်ပါ။
ဝယ်ယူရရှိနိုင်သောဆိုင်များ
City Mart,Market Place, City Care, Capital, Sein Gay Har, Shwe Owe Pharmacy, Nector, Select, Beauty Diary ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများ။ www.shop.com.mm/pearlie-white တွင် Online မှ ဝယ်ယူနိုင်ပါသည်။ Company မှတိုက်ရိုက်ဝယ်လိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ် ထားခဲ့ပါ (သို့) 09421677718 ကို ရုံးချိန်အတွင်းခေါ်ပါ။