သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ…

သွားတိုက်ပျင်းတဲ့ သားသားမီးမီးတွေကို သွားတိုက်လာအောင် ဘယ်လိုလုပ်ကြမလဲ…

– သွားတိုက်တံကို ကလေးကိုယ်တိုင်ရွေးချယ်ပါစေ..။ စင်ကာပူနိုင်ငံ Pearlie White ကထုတ်လုပ်တဲ့ ကလေးသွားတိုက်တံက အရုပ်မျိုးစုံ ပါတာကြောင့် ကလေးတွေနှစ်သက်မှာ သေချာပါတယ်။ အကောင်ရုပ်လေးတွေ၊ ၀က်ဝံ တို့ ဘာဘီတို့ စသဖြင့်အရုပ်လေးတွေပါတဲ့ သွားတိုက်တံလေးတွေက ကလေးတွေကို စိတ်ဝင်စားမှုပေးပါတယ်…။
– ကလေးသွားတိုက်ဆေးမှာ စတော်ဘယ်ရီအရသာ ဖရဲသီးအရသာ လိမ္မော်အရသာ စသဖြင့်အမျိုးမျိုးရှိလို့ ကလေးနှစ်သက်တဲ့ သွားတိုက်ဆေးကို ဝယ်ကြည့်ပါနော်…။
– ကလေးနဲ့ အတူတူ သွားတိုက်ပါ…။ မိဘနဲ့ကလေးအတူသွားတိုက်ခြင်းက မိသားစုကိုပိုပြီးနွေးထွေးစေပါလိမ့်မယ်….။ ကလေးလည်းဖိအားမများတော့ဘူးပေါ့။ ဒါကြောင့် သူ့ကို တစ်ယောက်တည်းမတိုက်ခိုင်းပါနဲ့…။
– သွားတိုက်နေစဉ် ကလေးနှစ်သက်တဲ့ သီချင်းလေးဖွင့်ထားပါ…။ ခေါတ်စားနေတဲ့သီချင်းမြူးမြူးလေးတွေရွှေးဖွင့်ရင်ပိုကောင်းပါတယ်…။
– သွားတိုက်တံကို မိုက်ခရိုဖုန်းလုပ်ပြီး မှန်ရှေ့မှာ ရုပ်ပြောင်လေးတွေ အတူတူလုပ်ကြည့်ပါ…။

#သွားတိုက်တာကို ကစားသလိုမျိုးလုပ်ကြမယ်…

– ကလေးကို သူဆော့နေကြ အရုပ်လေးတွေကိုပါ သွားတိုက်ခိုင်းကြည့်ပါ…။ သူသွားတိုက်တာကို စိတ်ပါလာမှာ သေချာပါတယ်…။
– သွားတိုက်နေကြတဲ့ ကာတွန်း Video လေးတွေကို Youtube ကနေပြပါ…။
– တလှည့်စီသွားတိုက်ပေးတမ်းဆော့ပါ…။ ကိုယ့်ကို ကလေးကအရင်တိုက် ပြီးရင် ကိုယ်က ကလေးကို ပြန်တိုက်ပေးပါ။
– သီချင်းဖွင့်ပြီး ကခုန်ရင်းလည်း တိုက်လို့ရပါတယ်နော်…။

ဒါဆို ကလေးလေးတွေဟာ သွားတိုက်တာကို စိတ်ဝင်စားလာပြီး ဖေဖေမေမေတို့လဲ စိတ်မညစ်ရတော့ဘူး…။
မိဘနဲ့ကလေးကြားမှာလည်း အတူတူအချိန်တွေကုန်ဆုံးဖြစ်သလို ချစ်စရာအမှတ်တရလေးများစွာ ကျန်ခဲ့မှာပါ။
ကဲ အရမ်းမခက်ပါဘူး… ဖေဖေမေမေတို့ရေ… ။
ကြိုးစားကြည့်ပါဦး…။

စင်ကာပူနိုင်ငံထုတ် Pearlie White Kids Toothbrush ၀ယ်ယူရရှိနိုင်သောဆိုင်များ-
City Mart,Market Place, City Care, Capital, Sein Gay Har, Shwe Owe Pharmacy, Nector, Select, Beauty Diary ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများ။ www.shop.com.mm/pearlie-white တွင် Online မှ ဝယ်ယူနိုင်ပါသည်။ Company မှတိုက်ရိုက်ဝယ်လိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ် ထားခဲ့ပါ (သို့) ‎‎09421677718 ကို ရုံးချိန်အတွင်းခေါ်ပါ။

Share this post