သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစားအစာများ

သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစားအစာများ

ချိစ်(Cheese)

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ် (Cheese) တွေက ခံတွင်း ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွားအခေါင်းပေါက်တွေဖြစ်ကာ သွားပိုးစားတာကိုလည်း ကာကွယ်ပေးပါတယ်။ သွားကျန်းမာရေး ဂျာနယ်တစ်ခုဖြစ်တဲ့ General Dentistry ဂျာနယ်က လေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၆၈ ယောက်ရဲ့ သွားချေးလွှာ တွေကို မှတ်တမ်းယူထားပါတယ်။ ချိစ်တွေ စားသုံးတဲ့သူတွေနဲ့ ၊ နွားနို့၊ သကြားမပါတဲ့ ဒိန်ချဉ် တို့ကို စားသုံးတဲ့သူတွေဆိုပြီး ခွဲခြားလေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ မိနစ် ၃၀ အကြာမှာတော့ ချိစ် စားတာဟာ နို့တို့ ဒိန်ချဉ်တို့ သောက်တာထက် သွားအခေါင်းပေါက်ဖြစ်နိုင်ချေ ပိုနည်းပြီး သွားကြွေလွှာတွေနဲ့သွားတွေကို ပိုခိုင်မာစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ပန်းသီး

တစ်နေ့ကို ပန်းသီး ၁ လုံးစားရင် သွားပျက်စီးတာကို ကာကွယ်ပေးပါတယ်။ ပန်းသီးမှာ သဘာဝအချိုဓာတ်ပါဝင်ပေမယ့် အရည်ရွှမ်းတဲ့အသီးဖြစ်လို့ သွားတွေကို သန့်စင်ပေးနိုင်ပါတယ်။

သကြား မပါတဲ့ ပီကေ

သကြားပါတဲ့ ပီကေတွေက သွားပိုးစားမှုကို ဖြစ်စေပေမယ့် သကြားမပါတဲ့ သဘာဝအချိုဓာတ် (Xylitol) ပါတဲ့ ပီကေတွေဟာ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ Xylitol က သကြား အစားထိုး အချိုတစ်မျိုးဖြစ်ပြီး ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားနဲ့ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ သကြားအစားထိုး ပစ္စည်းတွေက သွားပိုးစားခြင်းကို ကာကွယ်ပေးတယ်လို့ သွားကျန်းမာရေးဂျာနယ်တစ်ခုဖြစ်တဲ့ Dental Education မှာ ရေးသားထားပါတယ်။

Green Tea နဲ့ ရေနွေးကြမ်း

သကြားပါဝင်တဲ့ အစားအစာတွေ စားသုံးပြီးရင် Green Tea နဲ့ ရေနွေးကြမ်း တစ်မျိုးမျိုးကို သောက်ပေးပါ။ အဲ့ဒီ Green Tea နဲ့ ရေနွေးကြမ်း တို့က သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချေးတွဖြစ်ပေါ်မှုကို လျှော့ချပေးပြီး ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

ဝိုင်

ဝိုင်နှစ်သက်သူတွေအတွက်တော့ သတင်းကောင်းပါဘဲ။ ချောကလက်တွေ အများကြီး စားပြီးရင် ဝိုင်တစ်ခွက်သောက်လိုက်ပါ။ ဝိုင်က ပါးစပ်ထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ဝိုင်အနီမှာပါဝင်တဲ့ proanthocyanidins က သွားကျန်းမာရေးအတွက်ကောင်းပါတယ်။ ဒါတွေအပြင်မိုက်ခရိုကယ်လ်ဆီယမ်နဲ့ဖလိုရိုက်ပါဝင်တဲ့ Pearlie White သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ်သွားတိုက်ပေးခြင်းကလည်း သွားပိုးပေါက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဝယ်ယူရရှိနိုင်သောဆိုင်များ

City Mart,Market Place, City Care, Capital, Sein Gay Har, Shwe Owe Pharmacy, Nector, Select, Beauty Diary ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများ။ www.shop.com.mm/pearlie-white တွင် Online မှ ဝယ်ယူနိုင်ပါသည်။ Company မှတိုက်ရိုက်ဝယ်လိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ် ထားခဲ့ပါ (သို့) ‎‎09421677718 ကို ရုံးချိန်အတွင်းခေါ်ပါ။

Share this post