သွားပိုးစားခြင်း (သို့) သွားဆွေးမြည့်ခြင်း (Dental Caries or Tooth Decay)

သွားပိုးစားခြင်း (သို့) သွားဆွေးမြည့်ခြင်း (Dental Caries or Tooth Decay)

သွားပိုးစားခြင်းဆိုတဲ့ အသုံးအနှုန်းကတော့ ပတ်ဝန်းကျင်မှာ ကြားနေကျ စကားလုံးဖြစ်ပါတယ်။ သို့သော် သွားဆွေးမြည့်ခြင်းဆိုတာကိုတော့ ကြားဖူးတဲ့သူ အလွန်နည်းပါတယ် ။ အဓိပ္ပါယ်ချင်းတူသော်လည်း သွားဆွေးမြည့်ခြင်း (သွားအက်ဆစ်တိုက်စားခံရခြင်း) ဆိုတဲ့စကားလုံးကသာ ပိုပြီးသင့်လျော်ပါတယ်။အကြောင်းကတော့ သွားပိုးစားတယ်လို့ကြားတာနဲ့ သွားတွေကိုပိုးတွေ ဖျက်ဆီးလိုက်တယ်၊စားလိုက်တယ်လို့ မှားယွင်းစွာတွေးထင်စေနိုင်လို့ပါ ။

သွားပိုးစားတယ်ဆိုတာ
ကျတော်တို့စားသုံးလိုက်တဲ့ အချိုဓာတ်နဲ့ ခံတွင်းအတွင်းမှာ ပုံမှန်နေထိုင်တဲ့ ဘတ်တီးရီးယားနဲ့ ပေါင်းပြီး အချဉ်ပေါက်ခြင်း(Fermentation)လုပ်လိုက်တာကြောင့် အက်ဆစ်ပျော့တစ်မျိုးဖြစ်တဲ့ (Lactic acid)တွေ ထွက်လာပြီး သွားတွေကိုတိုက်စားကာ သွားရဲ့ ဖွဲ့စည်းပုံ တွေပျက်စီး စေပြီး အခေါင်းပေါက်တွေဖြစ်စေတာပါ။ သွားပိုးစားဖို့အတွက်အဓိက အကြောင်းရင်း(၄)ချက်ပြည့်စုံဖို့လိုပါတယ်။

၁။သွား
၂။ဘတ်တီးရီးယား
၃။အစားအစာ(အချို ဓာတ်)
၎။လုံလောက်သောအချိန်ပမာဏတို့ဖြစ်ပါတယ်။

ကျတော်တို့ရဲ့ခံတွင်းထဲမှာ သန်းပေါင်းများစွာသော ဘတ်တီးရီးယားတွေရှင်သန်နေထိုင်ကြပါတယ် ။သို့သော် အချို့သော မျိုးစိပ်အနည်းငယ်က သာ သွားပိုးပေါက်တွေ ဖြစ်စေတာပါ ။ ထိုခံတွင်း ဘတ်တီးရီးယားများကို အနုကြည့်မှန်ပြောင်း (Microscope)နဲ့ကြည့်မှသာ မြင်ရတာဖြစ်ပါတယ်။ ဒါကြောင့် တချို့နေရာဒေသတွေမှာ သွားပိုး အကောင်လိုက်ချပေးသည် ဆိုသည်မှာ ယုံကြည်စရာမရှိပါ ။ ဤမျှ သေးငယ်လှသော ဘတ်တီးရီးယားများက ခန္ဓာကိုယ်မှာ အမာဆုံး အရာဖြစ်သော သွား ကို တိုက်ရိုက်ဖျက်ဆီးခြင်း ကိုမစွမ်းနိုင်ပါ ။ သို့သော်သွားပိုးစားခြင်းဆိုတဲ့အသုံးအနှုန်းကလဲ အတိုင်းအတာ တစ်ခုထိ မှန်ကန်နေသေးတာကြောင့် လုံးဝပြစ်ပယ်လို့ မရသေးပါဘူး ။
သွားဆွေးမြည့်ခြင်း (သို့)သွားအက်ဆစ်စားခြင်းဆိုတယ့် အသုံးနှုန်းကတော့ ပိုပြီးသင့်လျော်ပါတယ်။
လူအများစုကတော့ မိမိသွားတွေ သွားပိုးစားနေတာကို သတိမထားမိတတ်ကြပါဘူး။အကြောင်းကတော့ သွားပိုးစ ဖြစ်ဖြစ်ခြင်း အပေါ်ယံကြွေသွားလွှာ (Enamel)မှာ နာခြင်း၊ ကျင်ခြင်းမရှိလို့ပါ။ထို့နောက် သွား၏ဒုတိယအလွှာဖြစ်သော ဆင်စွယ်နှစ်လွှာ(Dentine)ရောက်တယ့်အခါမှာ ရေပူ (သို့)ရေအေးသောက်ပါက ကျင်လာပါတော့သည်။တတိယအလွှာ မွသွားလွှာ(Pulp)ဖြစ်တဲ့ အာရုံကြောတွေ ၊သွေးကြောတွေစုစည်းရာအလွှာကို သွားပိုးစားပြန့်နှံ့လာပါက သွားမှာနာကျင်ခြင်းကို ခံစားလာရပါပြီ ။ ထိုအချိန်မှ ဆေးခန်းလာပြသောအခါ အချိန်မှာတော်တော်လင့်နေပြီဖြစ်ပါတယ်။
ကနဦး သွားပိုးစစားကာစမှာ သွားဆေးခန်းမှာ လာရောက်ကုသပါက သွားဖာခြင်း ဖြင့်ပြန်ကုသလို့ရသော်လည်း၊ သွား အမြစ်ပိုင်း(Pulp)ကို ထိသောအခါမှ လာသောအခါ သွားအမြစ်ထုတ်ကုသခြင်း
(Root Canal Treatment) (သို့) နှုတ်လိုက်ရခြင်း (Extraction)စတဲ့ ပိုပြီးရှုပ်ထွေးတဲ့ ကုသမှုတွေသာ ရနိုင်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် အပ်နဲ့ထွင်းမယ့်နေရာမှာ ပုစိန်နဲ့မထွင်းရလေအောင်…

– တစ်နေ့ကို (၂)ကြိမ် မနက်စာ စားပြီး တစ်ကြိမ် ညစာ စားပြီး အိပ်ယာဝင်ခါနီး တစ်ကြိမ် ဖလိုရိုက်ပါသော Pearlie White တံဆိပ် သွားတိုက်ဆေးနဲ့ စနစ်တကျ သွားတိုက်ပေးရပါမယ် ။
– Pearlie White သွားကြားပွတ်ကြိုးများကို အသုံးပြု၍ သွားတိုက်တံမရောက်နိုင်တဲ့ သွားကြားတွေကို သန့်ရှင်းရေးလုပ်ပေးရပါမယ် ။
-ချို၍ စေးကပ်သော
အစားအစာတို့ကို လျော့၍စားသုံးပေးခြင်း ၊ စားပြီးနောက် ပလုတ်ကျင်းပေးခြင်း ၊
– (၆)လတစ်ကြိမ် သွားဆေးခန်းများတွင် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း နှင့် လိုအပ်သောကုသမှုတွေခံယူခြင်း တို့ကိုပြုလုပ်ပေးရပါမယ်။
သို့မှသာ ကျန်းမာပျော်ရွှင်စွာနဲ့ အပြုံးပန်ဝေဆာနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူရရှိနိုင်သောဆိုင်များ

City Mart,Market Place, City Care, Capital, Sein Gay Har, Shwe Owe Pharmacy, Nector, Select, Beauty Diary ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများ။ www.shop.com.mm/pearlie-white တွင် Online မှ ဝယ်ယူနိုင်ပါသည်။ Company မှတိုက်ရိုက်ဝယ်လိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ် ထားခဲ့ပါ (သို့) ‎‎09421677718 ကို ရုံးချိန်အတွင်းခေါ်ပါ။

Share this post